(စိုထိုင်းစစမ်းသပ်ခြင်း)
ရည်ရွယ်ချက်
ကုန်ကြမ်းများ၏စိုထိုင်းစကိုစမ်းသပ်ခြင်းဖြင့်အရည်အသွေးပြည့်မှီသောကုန်ကြမ်းများဖြင့်ကုန်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပါသည်။
လုပ်ငန်းစဉ်
စမ်းသပ်မည့်ကုန်ကြမ်း၅ဂရမ်ကိုစက်ထဲသို့ထည့်၍လိုအပ်သောSettingချိန်ခြင်း၊အပူပေးခြင်းများပြုလုပ်ပါသည်။ထို့နောက်ကုန်ကြမ်း၏မူလအလေးချိန်နှင့်အပူပေးလိုက်၍ရေငွေ့ပျံသွားသောကြောင့်ပြောင်းလဲသွားသောအလေးချိန်ကိုစက်မှတွက်ချက်ပြီးကုန်ကြမ်း၏ရေငွေ့ပါဝင်မှုရာခိုင်နှုန်းကိုဖော်ပြပေးသည်။
အကျိုးကျေးဇူး
ကုန်ထုတ်လုပ်မှုမတိုင်ခင်ကုန်ကြမ်းအတွင်းစိုထိုင်းစကိုတိုင်းတာကာကုန်ကြမ်း၏အရည်အသွေးကိုထိခိုက်ခြင်းမရှိအောင်စစ်ဆေးဆောင်ရွက်ခြင်းကြောင့်ထွက်ရှိလာမည့်ကုန်ချော၏အရည်အသွေးကိုထိခိုက်မှုမရှိစေရန်များစွာအထောက်အကူပေးပါသည်။