(ဖိသိပ်အားခံနိုင်မှုစမ်းသပ်ခြင်း)
ရည်ရွယ်ချက်
ပိုက်ပေါ်သက်ရောက်နိုင်သောပြင်ပဖိအားများအပေါ်ခံနိုင်ရည်ရှိမှုအားတိုင်းတာခြင်းဖြစ်သည်။
လုပ်ငန်းစဉ်
၂လက်မ(သို့မဟုတ်)၃လက်မဝန်းကျင်ခန့်ရှိပိုက်တို၏၄၀%အား၅မိနစ်ခန့်ကြာအောင်ဖိသိပ်စမ်းသပ်ခြင်းဖြစ်ပြီးအက်ကြောင်းများထခြင်း၊ကွဲအက်ကျိုးပဲ့ခြင်းများရှိမရှိစစ်ဆေး၍အရည်အသွေးအတည်ပြုမှတ်တမ်းထုတ်ပေးပါသည်။
အကျိုးကျေးဇူး
ပိုက်များကိုမြေကြီးအောက်နှစ်မြှုပ်၍တပ်ဆင်ရသောအခါများ၊နံရံတွင်းနှစ်မြှုပ်၍တပ်ဆင်ရသောအခါများတွင်အပေါ်မှဖိအားသက်ရောက်မှုကြောင့်ပိုက်များကွဲအက်သွားနိုင်ခြင်းရှိမရှိကို၎င်းအရည်အသွေးစစ်ဆေးမှုအရသိရှိနိုင်ပါသည်။