(တည်ငြိမ်ရေထုဖိအားခံနိုင်မှုစမ်းသပ်ခြင်း)
ရည်ရွယ်ချက်
ဤစမ်းသပ်မှုအရပိုက်၏ရေဖိအားခံနိုင်ရည်သည်သတ်မှတ်ထားသည့် Standard pressure barအတိုင်းခံနိုင်စွမ်းရှိမရှိကိုစမ်းသပ်ကာအတည်ပြုချက်ထုတ်ပေးရန်ဖြစ်သည်။
လုပ်ငန်းစဉ်
စမ်းသပ်မည့်ပိုက်အားအရှည်(၁ပေ)ဖြတ်၍ထိပ်ဝနှစ်ဖက်ကို End Capဖြင့်ပိတ်ကာ ပုံပါအတိုင်းတပ်ဆင်ပြီး27° Cရှိသောရေအပူချိန်တွင်၃နာရီကြာမြင့်စွာထား၍ ပိုက်အတွင်းသို့ သတ်မှတ်ရေဖိအားကိုရောက်စေကာစမ်းသပ်စစ်ဆေးပါသည်။ စမ်းသပ်စဉ် ရေဖိအားကျသွားခြင်းမရှိစေရန် ၂မိနစ်တစ်ကြိမ်အလိုအလျောက်ဖိအားပေးစနစ်ဖြင့်တသမတ်တည်းဖိအားသက်ရောက်စေပါသည်။စမ်းသပ်ပြီးသည့်အခါပိုက်တွင်ရေယိုစိမ့်ခြင်း၊ အက်ကြောင်းများထခြင်း၊ ကွဲထွက်သွားခြင်းတို့ရှိမရှိသေချာစွာစစ်ဆေး၍ အတည်ပြုချက်ထုတ်ပေးပါသည်။
အကျိုးကျေးဇူး
နည်းပညာမြင့်စက်ပစ္စည်းများအသုံးပြုပြီးရေဖိအားစမ်းသပ်ထားသောပိုက်များကို အသုံးပြုသော Customer များအနေဖြင့် ရေဖိအားကြောင့်ဖြစ်ပေါ်လာနိုင်သော ပိုက်ကွဲခြင်း၊ ပိုက်ပေါက်ခြင်းနှင့် ရေယိုစိမ့်ခြင်းပြဿနာတို့မရှိနိုင်တော့ဘဲတာရှည်ခံစွာအသုံးပြုနိုင်သောကြောင့် ရေရှည်မှာကုန်ကျစရိတ်သက်သာခြင်းစသောအကျိုးကျေးဇူးများရရှိနိုင်ပါသည်။