(အလေးချိန်သက်ရောက်မှုစမ်းသပ်ခြင်း)
ရည်ရွယ်ချက်
ပိုက်၏အပြင်ဘက်ပိုင်းခံနိုင်ရည်ရှိမရှိကိုအမြင့်မှအလေးချိန်သက်ရောက်မှုပြုလုပ်ခြင်းဖြင့်စမ်းသပ်ကာအတည်ပြုချက်ထုတ်ပေးရန်ဖြစ်သည်။
လုပ်ငန်းစဉ်
စမ်းသပ်ရန်ပိုင်းဖြတ်ထားသောပိုက်အတိုအားအောက်ခံသံမဏိတုံးပေါ်သို့Fitဖြစ်အောင်တင်၍အမြင့်၂မီတာမှပိုက်ဆိုဒ်အလိုက်သတ်မှတ်ထားသောအလေးချိန်ဖြင့်ပိုက်၏မျက်နှာပြင်ပေါ်သို့သက်ရောက်စေခြင်းဖြင့်ပိုက်၏မျက်နှာပြင်ခံနိုင်ရည်အားစမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။စစ်ဆေးမှုရလဒ်အရပိုက်ကွဲအက်ခြင်း၊ကျိုးပဲ့ခြင်း၊ပိုက်ပေါက်ပြဲခြင်းတို့ဖြစ်မဖြစ်စစ်ဆေး၍အရည်အသွေးစစ်ဆေးမှုမှတ်တမ်းထုတ်ပေးပါသည်။
အကျိုးကျေးဇူး
ပိုက်၏အပြင်ဘက်မှသက်ရောက်လာသောထိခိုက်မှုများအားမည်မျှခံနိုင်ရည်ရှိသည်ကိုသိရှိနားလည်ပြီးအရည်အသွေးကောင်းမွန်သည့်ပိုက်များကိုရွေးချယ်ဝယ်ယူအသုံးပြုခြင်းကြောင့်နောင်ဖြစ်ပေါ်လာနိုင်မည့်
ပိုက်များမတော်တဆထိခိုက်မိ၍ကွဲအက်ခြင်း၊ရေယိုခြင်းနှင့်ပိုက်ပေါက်ခြင်းကြောင့်အစားထိုးပြုပြင်ရသဖြင့်
အချိန်ကုန်အလုပ်ရှုပ်ခြင်းစသောဆိုးကျိုးများကိုရှောင်ရှားနိုင်ပါသည်။